ဘယ်လိုနေရာဘယ်လိုအခြေနေမျိုးနဲ့ဖြစ်ဖြစ် အကျိုးပြုနိုင်အောင်ကြိုးစားပြီးတော့လုပ်ဆောင်နေ
နေပါတယ်ခင်ဗျာ အားလုံးကိုအနူုးညွန့်တောင်းပန်ပါတယ်သူငယ်ချင်းတွေကော အကိုတွေအမတွေ
ကော
ဘလော့ကာမောင်နှမတွေခင်ဗျာ ရေလေးတစ်ပေါက်လောက်တောင်မတိုက်ချင်ကြတော့ဘုးလား
:(( :(( :((
အားလုံးကိုကျွှန်တော်တောင်းပန်ပါတယ်ခင်ဗျာ သည်မှာတစ်ကယ်ကိုပွဲပျက်နေပါပြီခင်ဗျာ….
သွားလည်ဖို့မပြော
နဲ့ နစ်တောင်ကျွှန်တော်မဖွင့်နိုင်ပါဘူးခင်ဗျာ နားနေတာကြာလို့အမြင်ကပ်ပြီးတော့သင်နေသလားမသိပါဘူး
ခင်ဗျာ မနက်ကို ၈း၂၀ကနေကိုညနေ ၁၇း၀၀ ထိကိုနေ့လည်လေး မိနစ်၂၀နားပြီးတော့ ၇မ်းနေရတာတော်
တော်လေးကိုဆိုးဝါးတယ်လို့ထင်ပေမဲ့လည်းကိုယ့်ဘ၀တွက်ကြိုးစားမူတွေအတွက
်အားတင်းထားပါတယ်
ခင်ဗျာ…
Sunday, 2 November 2008
တောင်းပန်လွှာ
Saturday, 18 October 2008
မြားနတ်မောင်ပစ်ဖို့ရန်စောင့်နေသူများ...
ခုတင်ပြတာလေးကတော့လူပျိုကြီးများအတွက်ပေါ့
:P မမအပျိုကြီးများသည်လိုလေးသာလျှင်ဆိုရင်တော့ သည်လိုလေးသာဖော်ပြမယ်ဆို၇င်တော့ဟင်းဟင်း...မြန်မြန်စွံမှာလို့ ပြော
တာပါဗျာ သည်လိုလေးများလုပ်ကြပါလားဗျာလို့မောင်မောင်ကချင်တောင်းဆိုလိုက်ပါတယ်အဟီးးးး သွားေ၇ာက်လည်ပတ်ပြီးကြည့်လိုက်ပါခင်ဗျာ အဲသည်မှာလည်ပတ် နိုင်သလို ဖတ်ကြည့်လိုက်ပါ တော်တော်လေးစိတ်ဝင်စား
စရာကောင်းသလိုပဲဘာဖြစ်လို့လဲဆိုတော့ သူက အပျိုကြီးများက သူတို့ရဲ့စိတ်လေးကိုဖော်ပြထားတယ် သည်လိုလေးပေါ့ဗျာ
ကျွှန်တော်နာမည်ပေးချင်တာကတော့ မြားနတ်မောင်လေးလား လို့ပေါ့ဗျာ နော် ဘာပဲဖြစ်ဖြစ်ပေါ့ခင်ဗျာ စိတ်သောက နည်းနည်း
ရောက်နေကြသောအပျိုကြီးများအတွက် နောင်တွက်နည်းလမ်းကောင်းနဲ့ လူပျိုကြီးများတွက်လေ့လာစရာပေါ့ နောင်များမှာလုပ်
ကြရင်ကောင်းမယ်ခင်ဗျာ စကားလှလှလေးကတော့ မင်္ဂလာပွဲစားပေါ့ဗျာ
မြားနတ်မောင်ပစ်ဖို့ရန်စောင့်နေသူများ...
သည်နေ့တော့ မောင်ကချင် ကျွှန်တော်အားနေတာနဲ့လေ ဟိုကြည့်သည်ကြည့်နဲ့ ပျော်စရာလည်းကောင်း စိတ်ဝင်စရာကောင်း
တဲ့နေရာလေးကိုရောက်သွားတယ် ကျွှန်တော်တို့မြန်မာမှာလေသည်လိုလေးများရှိ၇င်သိပ်ကောင်းမှာလို့စဉ်းစားမိတယ်ဗျာ
ဒါကတော့ ဘယ်အတွက်လည်းဆို တော့လူပျိုကြီးများအတွက်ပေါ့ခင်ဗျာ......
Tuesday, 14 October 2008
သီတင်းကျွှတ်နှင့်သူငယ်ချင်းလေး......
“ဟိုဖြုတ်လိုက်သည်တက်လိုက်နဲ့ ဗျာ...မှတ်မိသေးတယ်သူငယ်ချင်းရာ မင်းကိုငါနောက်ဆုံးစီးခဲ့တာ ခုလို သီတင်းကျွှတ်ရဲ့ လ ပြည့်နေနော် မင်းအမှတ်မှရဲ့လားကွာ... မင်းကိုလေ ငါလပြည့်ညရဲ့ မြစ်ကြီးနား ဆုတောင်းပြည့်ဘုရားကိုခေါ်သွားတာ မြင် ယောင်မိတယ်ကွာ...အဖေက ခွင့်မပြုလို့အမေဆီကသော့တောင်းပြီးတော့မင်းကိုကျော်ထမ်းပြီး သွားခဲ့၇တာလေ ကွာငါကသိ
တယ်မဟုတ်လားအစအနောက်က သန်တော့လမ်းထိပ်ရောက်တော့ ဖြောက်အိုးဝယ်ပြီးတော့ လွမ်းသွယ်ထိပ်က အပျိုကြီးမအိ
ကြီးရဲ့အိမ်ထဲလှမ်းပစ်လိုက်တော့ ဟိုကပြုထုလိုက်တဲ့ခဲကိုရှောင်ပြီးမင်းနဲ့အတူပြေးခဲ့တာလေကွာ... ပြီးတော့ရှိသေးတယ်လေ
အဲသည်အိမ်ဘေးနားက မတွက်ကြီးလေသူ့ကောင်လေးနဲ့ဘုရားသွားမယ်ပြောပြီး သစ်ပင်နောက်မှာ ကိုထိုက်ကြီးနဲ့ချိန်းနေတာ မင်းကိုမြေပြင်ပေါ်လှဲပြီးချောင်းတာလေ အသံကြားလို့ ငါပြေးတော့မင်းကို အတင်းနင်းပြေးတဲ့အခါ မြောင်းကြီးထဲကိုမင်းရဲ့ရှေ့ခြေ
ထောက်ကြီးထိမိလို့ နာသွားသေးလားကွာ အဲသည်တုန်းကတော့ ငါထူပူပြီးတော့ပြေးခဲ့ရလို့မင်းကို ဘာမှတောင်မကြည့်နိုင်
ဘူး ခုဆိုမင်းလဲ အနားယူနေသေးတော့မှာလား ဖုန်တွေနဲ့အလိတ်လိတ်တက်ပြီးနေနေတော့မှာလား ကောင်လေးရယ်..... ငါလွမ်းနေတယ်ကွာ မြစ်ဆိပ်ကမ်းမှာ လသာသာကြီးကို မင်းကိုမှီပြီးတော့လရောင်လေးကိုခံစားခဲ့ရတဲ့ချိန်လေးတွေဟာ လွန်ခဲ့ပါ
ပြီးကောနော် ငါလေသီတင်းကျွှတ်ရောက်တိုင်း ဆရာမိဘတွေကိုမင်းမညှင်းမညူလိုက်ပေးရှာတယ် ငါစစ်တက္ကသိုလ်တက်ခါနီး သွား
တော့မယ်ဆိုပြီးမင်းကို ပေတေပြီးတော့အသံစုံမြည်အောင်စီးခဲ့တာ ခွင့်လွတ်ပါကွာ ခုတော့ သည်နေရာသည်ဌာန မှာမင်းကို
လွမ်းပြီး တစ်ယောက်ထဲနေနေရတာကို မင်းမသိနိုင်ပေမဲ့ ငါ့ခံစားချက်တွေကို သည်မှာပဲရေးချလိုက်ပါတယ် သူငယ်ချင်းဟောင်း
စစ်ဘီးလေးရယ်.......
သီတင်းကျွတ် လပြည့် ( အဘိဓမ္မာ အခါတော်နေ့ )
...ဆီမီးရယ်ထိန် ၊ အိုင်မင်းရေကြည်က .. ၊
...ကြာငါးမည် ငုံအာစွင့်တယ်.. ၊ ဖူးပွင့်ချိန်ခါ .. ။
...အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊ လင်းလာတဲ့ ငွေတာရိန်ရယ်.. ၊
...ပြာမှိန်လျက် မြူချေဆိုင်း .. ။
...ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊
...မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊ မျိုးမြန်မာတိုင်း ............ ။
လွမ်းနေမိတယ် အမိမြန်မာပြည်ရယ်... ကျွှန်တော်တို့ရဲ့ နိုင်ငံထက်ကိုမွေးရပ်မြေရဲ့ ငယ်ဘ၀လေးကိုလွမ်းတယ်...ကျွှန်တော်ရဲ့
အပေါင်းဖော်ကြီးစက်ဘီးလေးကိုလဲလွမ်းတယ်....စက်ဘီးလေရေ မင်းသခင်ငါမစီးတော့ မင်းပျင်းနေပြီလား ဒါမှမဟုတ်မင်းကိုထု
ထောင်းခဲ့လို့ခုဝမ်းသာနေပြီလား ကျွှန်တော်ငယ်ငယ်က တော်တော်လေးပေါက်ကရလုပ်တာဗျ စက်ဘီးကိုအငြိမ်ကိုမနေရရှာဘူး...
Thursday, 9 October 2008
Keep Walking.....
Jus to check this out......
The Organs of your body have their sensory touches at the bottom of your foot, if you massage these points you will find relief from aches and pains as you can see the heart is on the left foot.
Typically they are shown as points and arrows to show which organ it connects to.
It is indeed correct since the nerves connected to these organs terminate here.
This is covered in great details in Acupressure studies or textbooks.
God created our body so well that he thought of even this. He made us walk so that we will always be pressing these pressure points and thus keeping these organs activated at all times.
So, keep walking...
ကျွန်တော်မောင်ကချင်အဘိုးပြောဘူးတဲ့စကားလေးပေါ့နော် ...မြေးလေးအဖိုးကိုအပူထုတ်ပေးအုံး ဆိုပြီးတော့ ခြေထောက်ကို
နှိပ်ခိုင်းတယ် ပြီးတော့ သည်နားလေးနှိပ်ပေးပါအုံးဆိုပြီးတော့ဖိခိုင်းခဲ့တယ် ကလေးတုံးကဘာမှန်းမသိပဲလုပ်ပေးခဲ့ပေမဲ့ပညာလေး
တစ်ခုကတော့ရရှိလာခဲ့ပါတယ်ဗျာ အဘိုးကပြောခဲ့တယ် ခြေထောင်နဲ့လက်နဲ့အကြောလေးတွေက ကိုယ့်ကျန်းမာရေးတွက်ကို
ဖြစ်နိုင်ရင် ညကိုအကြောလျှော့ပြီးတော့ နေနိုင်ရင်ကောင်းတယ်တဲ့ ကျွှန်တော်အဖိုးကတော့ အသက် ၈၀ ကျော်မှဆုံးသွားတယ်
ဗျ သည်တော့အဖိုးပြောခဲ့တဲ့စကားကိုအမှတ်ရပြီးဒါလေးကိုတွေ့မိလို့ဝေမျှလိုက်ပါတယ် အသက်ရွယ်ကြီးတဲ့ဘိုးတွေဘွားတွေကော
အကိုတွေ အမတွေ အားလုံးသူငယ်ချင်းအားလုံး ကျန်မာဖို့ရန် သည်လိုလေးများကိုအချိန်လေးပိုရင်နိပ်နယ်ချင်းဖြင့် သက်ရှည်ကျန်း
မာစေကြောင်းဆုတောင်းလိုက်ပါတယ်ခင်ဗျာ.................
Monday, 6 October 2008
သတိရှိပါ ........................
Long term repetitive action stress can lead to Carpal Tunnel.
You could end up going under a surgery that looks like this:

lz don't Ignore this mail...
Follow the simple exercises in this email
Carpal Tunnel Syndrome and Manual therapy
Exer! cises for relief from Carpal Tunnel Syndrome
While you are receiving treatment for Carpal Tunnel Syndrome regular exercise sessions can help your rapid recovery. We have included some photos and explanations of recommended exercises.
The following exercises may be prescribed by your healthcare provider in conjunction with Low Level Laser therapy. In the photos you will see below, the right wrist is the one being exercised. If your left wrist is affected, do the same exercises with the left hand.
When doing each of these exercises, the hand should be flexed until a sensation of stretching is felt in the arm. The position should be held for 10 to 15 seconds for each of 10 repetitions. Try to this set of exercises three times a day.
Exercises 1 and 2 flex and ex! tend the hand and stretch the wrist. Bend the hand as shown in the pho tos and apply moderate pressure to it with the other hand. 
Exercise 1 - Wrist Flexion Bend the hand being exercised backward (palm away from you ), as shown in the photos. With the fingers of the other hand, apply pressure.
(Click on photo for larger view)
Exercise 2 - Wrist Extension Bend the hand being exercised forward ( palm toward you ), ! as shown in the photos. With the fingers of the other hand, apply pressure. 

Exercises 3 and 4 are similar to 1 and 2 except that an object, such as a pad provides the resistance to the hand, instead of your other hand.
Exercise 3 - Wrist Flexion against surface With your arm held vertically, press your hand, palm down, on a firm surface, as shown in the photo..
xercise 4 - Wrist Extension against surface With your arm held vertically, press your hand, palm up, on a firm surface, as shown in the photo. 
Exercises 5 and 6 in! volve the side to side range of motion of the hand.
xercise 5 - (Radial Deviation) Place your hand palm downward. Grasp the fingers of the hand to be exercised with your other hand (as shown in the photo) and twist the hand toward you. Keep the hand horizontal.
Exercise 6 - (Ulnar Deviation) Place your hand palm downward. Grasp the fingers of the hand to be exercised with your other hand (as shown in the photo) and twist the hand away from you. Keep the hand horizontal. 
ကျွှန်တော်တို့နေ့တိုင်းနေ့စဉ်တိုင်းပေါ့ခင်ဗျာ ဘာပဲဖြစ်ဖြစ်ကွန်ပြုတာကိုကိုင်တွယ်နေကျတာပါပဲ ကျန်းမာရေးဆိုတာကလည်း
ရှိသေးတယ်
လေဗျာ တစ်နေ့လုံးတစ်ညလုံးထိုင်နေသူတွေအတွက်တော့ သိသင့်တာလေးကိုမောင်မောင်ကချင်ဝေမျှလိုက်ပါတယ်
ကျွှန်တော်ဆီကို
အလည်လာသူတိုင်းကွန်ပြူတာကိုအနည်းဆုံး၃နာရီအထပ်ကို ကိုင်နေကျသူတွေပါလို့ကျွှန်တော်ထင်ပါတယ်
ဒါကြောင့်ကျွှန်တော်ညီကို
မောင်နှမများအားလုံးအတွက်ကိုသိသင့်ပါသောကျန်းမာရေးလေးကို တင်ပြလိုက်ပါတယ်ခင်ဗျာ.............
Please take good care of your wrist while using the keyboard and mouse of your computer.
Thursday, 2 October 2008
ကိုယ်ရနေတဲ့ဘ၀ သည်လောက်ဆိုးပြီလား...???
Dear all,
-All things are difficult before they are easy...
-To teach is to learn twice...
-A rich person is not the one who has the most, but the one who needs the least.
-The only thing that comes to us w/o effort is old age...








ကျွန်တော် မြန်မာမှာလူဖြစ်ရတဲ့အတွက်အ၇မ်းကို ဂုဏ်ယူမိပါတယ်ဗျာ ဘာလို့သည်လိုပြောလဲဆိုတော့ ကျွန်တော်သည်ဟာလေးကို
တွေ့မိလိုက်လို့ပါ ဘာသာရောင် သာသနာရောင်ထွန်းလင်းပြီး အစစအရာရာ ပြည့်စုံနေတဲ့(စိတ်..)ပေါ့ခင်ဗျာ သည်လောက်တော့
မဆိုးသေးပါဘူး မဆိုးလောက်ပါဘူး ဆိုးလဲမဆိုးနိုင်ဘူးလို့ထင်ပါတယ်ခင်ဗျာ ဘယ်နိုင်ငံပဲဖြစ်ဖြစ်အခက်အခဲဆိုင်တာရှိနေကြပါတယ်
နိုင်ငံမပြောပါနဲ့ ၂ ဦးထဲနေတဲ့အခန်းကျဉ်းလေးမှာတောင်မှ သဘောထားဆိုတာဘယ်လိုလို့ ကိုက်ညီပြီးတော့အမြဲတမ်းပြေလည်
နေပါ့မလဲ ဘယ်လိုပဲမပြေလည်ပါစေ သည်လိုတော့မကြုံချင်ဘူးခင်ဗျာ ...........
Friday, 26 September 2008
သတိ… ၁၂ ဒေါ်လာ
မြန်မာတွေကိုပဲ ရွေးလုပ်သည် ဆိုတော့ အတော် ခံပြင်း ဒေါသ ထွက်သွားသည်။
အဲဒီလို ကလိန်ကကျစ်နည်းဖြင့် မသိနားမလည်သော သူတွေဆီက ခေါင်းပုံဖြတ်
စီးပွားရှာတာတော့ အတော် ရုပ်ဆိုးလွန်းသည်။
ဖြစ်ပုံက ဒီလိုပါ။ ကျွန်မအိမ်မှာ တည်းပြီး အလုပ်ရှာနေသည့် မိတ်ဆွေညီမလေး
ဟိုတနေ့ က အင်တာဗျူးခေါ်သည့် အီးမေးလ် ရတော့ အတော်ပျော်သွားသည်။ ပထမဆုံး
အင်တာဗျူးဆိုတော့ ပျော်ပေမပေါ့။ ခဏကြာတော့ သူနဲ့ အတူ အလုပ်ရှာနေသည့် သူ
့မောင်လေးပါ ဆင်တူ အင်တာဗျူးခေါ်သည့် အီးမေးလ် ရတော့ နဲနဲတော့ သံသယ
ဝင်သွားသည်။ သိပ်မပျော်နေနဲ့  ဒါအေးဂျင့် ဖြစ်ဖို့ များတယ်လို့ 
သတိပေးရသည်။ နောက် နာရီဝက်လောက်ကြာတော့ သူတို့ နှင့် မရှေးမနှောင်းလာသည့်
သူငယ်ချင်းပါ တနေရာထဲမှ ဆင်တူ အီးမေးလ် ရသည်ဟု ဖုန်းဆက်လာပြန်သည်။ သံသယက
ပိုပို ကြီးလာပေမယ့် သူတို့  စိတ်ဓါတ်မကျအောင် သွားကြည့်လိုက်ပေါ့လို့ 
တိုက်တွန်းလိုက်ရသည်။
အိမ်က ညီမလေးက ကံဆိုးစွာ အရင်ဆုံး သွားရသည်။ သပ်သပ်ရပ်ရပ် ၀တ်ဆင်ပြီး
သေချာ ပြင်ဆင်သွားသည်။ သွားခါနီး မြန်မာပြည်က အမေတောင် ဖုန်းဆက်ပြီး
လှမ်းကန်တော့ကာ ဆုတောင်းပေးဖို့  မှာလိုက်သေးသည်။ သူ့ ခမျာ အမေအိုကြီး
လုပ်ကျွေးချင်လို့  ထွက်လာတာ အလုပ်မြန်မြန် ရပါစေလို့  ကိုယ်တောင်
ဝင်ဆုတောင်းပေးလိုက် သေးသည်။
နေ့ လည်ကျတော့ ဖုန်းဆက်လာသည်။ တကယ့် အင်တာဗျူး မဟုတ်။ ၀န်ထမ်းဆိုလို့ 
မိန်းမ နှစ်ယောက်သာ ရှိသည့် အခန်းကျဉ်းလေး။ ရောက်ရောက်ချင်း form
ဖြည့်ခိုင်းပြီး သူတို့ ဆီမှာ အလုပ်နှစ်ခု ရှိကြောင်း ပြောပြီး ပိုက်ဆံ
၁၂ ဒေါ်လာ တောင်းသည်။ သူကလဲ ပထမဆုံး အတွေ့ အကြုံ အလုပ်ကလဲ လိုချင်တော့
ပိုက်ဆံပေးခဲ့သည်တဲ့။ မှားသွားလားလို့ မေးတော့ ကျွန်မ ဘာပြောရမှန်းမသိ။
အလုပ်လိုချင်သူတွေ အတွက် ၀န်ဆောင်ခ ယူ၍ လုပ်ပေးသော တရားဝင် ၀န်ဆောင်မှ
ုလုပ်ငန်း (အေးဂျင့်) တွေ ရှိသော်လည်း ခုလို မရိုးသား အင်တာဗျူး
အယောင်ဆောင်ပြီး ပိုက်ဆံတောင်းတာတော့ ခုမှ ကြားဖူးသည်။
လိမ်တာ ဖြစ်ဖို့ များတယ်လို့  ပြောလို့ မှ မဆုံးသေး၊ ခုတင် အင်တာဗျူးက
ပြန်လာရုံ ရှိသေး အရင်နေ့ က အီးမေးလ် အတိုင်း စာသား တထပ်ထဲနှင့်
နောက်တကြိမ် ရောက်လာပြန်သည်။ ပထမတော့ ဒုတိယအကြိမ် အင်တာဗျူးခေါ်သည်
အထင်နှင့် ပျော်နေကြသည်။ သူ့ မောင်လေး အီးမေးလ်ကို စစ်လိုက်တော့ သူ
့အတိုင်း အီးမေးလ် တခု ထပ်ရပြန်သည်။ လောဘတက်ပြီး ပို့ ပြီးသားလူလား၊
လာပြီးသားလူလား မသိပဲနှင့် အသဲအသန် ပို့ နေခြင်းပင်။
နောက်တနေ့  သူ့ မောင်လေးက လိမ်တာ သေချာအောင် သွားလေ့လာသည်။ သူ့ အမတုန်းက
လိုပဲ သူတို့ မှာ အလုပ် နှစ်နေရာ ရှိသည်ဟု လိမ်ပြန်သည်။ မောင်နှမမှန်း
မသိ။ ဒီတခါတော့ ကောင်လေးက ဟန်မပျက် form ဖြည့်ပြီး ပိုက်ဆံ ၁၂ ဒေါ်လာ
တောင်းသော အခါ မပါလာကြောင်းပြောပြီး မပေးခဲ့။ ဒီတော့ ပိုက်ဆံ မပေးရင်
သူတို့  အလုပ်ရှာ မပေးနို်င်လို့  ခပ်တင်းတင်း ပြန်ပြောသည်တဲ့။
ကောင်လေးနဲ့  အ၀င်အထွက် လာသမျှ မြန်မာတွေ ချည်းပဲ ဆိုပဲ။
မနေ့ ညက ဒီအကြောင်းကို အလုပ်ရှာနေသည့် အသိအမကြီး တယောက်အား ပြောပြ
သတိပေးတော့ လွန်ခဲ့တဲ့နှစ်လလောက်က သူ့ သူငယ်ချင်းတယောက်လဲ အဲဒီလို
ခံခဲ့ရသည်တဲ့။ company နာမည်က အတူတူ။ သတင်းစာထဲမှာ ဟုတ်တိပတ်တိ တလက်မ
ပတ်လည်လောက်နှင့် ကြေငြာတာလဲ အတူတူ။ သူ့ တုန်းက ဒေါ်လာ ၂၀ ပေးခဲ့ရသည်တဲ့။
မြန်မာတွေကိုသာ ရွေးလိမ်သည်။ အလုပ်လဲ တကယ်ရှာမပေးပါတဲ့။
ခုတလော မြန်မာပြည်က အလုပ်လာရှာ သူတွေ လှိမ့်ဝင်လာတော့ သူတို့ လို
လိမ်စားနေသူတွေ အတွက်တော့ အကွက်။ တယောက်ကို ၁၂ ဒေါ်လာ။ တနေ့  အယောက် ၂၀
ဆို ဒေါ်လာ ၂၄၀။ တလဆို ဒေါ်လာ ၄၈၀၀။ အင်း… အတော်ကို အကြံပက်စက်ပါပေ့။
နေရာက China Town ပတ်ဝန်းကျင်မှာ လှည့်ပတ် ကျက်စားနေသည်။ မဟုတ်တာ
လုပ်သူဆိုတော့ တနေရာထဲမှာ အခြေမကျရဲ။
တကယ်လို့  အသိတွေထဲမှာ အလုပ်ရှာနေသူများ ရှိခဲ့ရင် လက်တို့  သတိပေးဖို့ 
ဒီpostလေးကို ရေးလိုက်ရတာပါ။ မြန်မာတွေကို လူလည်ကျ စီးပွားရှာနေသူတွေ
အတွက် သင်ခန်းစာပေးဖို့  ရည်ရွယ်ချက်နဲ့ ပါ။ အလုပ်ရှာနေသော မြန်မာ
အပေါင်း လိမ်ညာသူတွေနဲ့  ကင်းဝေးပြီး ကောင်းမွန်သောအလုပ် အမြန်ဆုံး
ရကြပါစေလို့ ….။
တန်ခူး
10:30am 21-Aug-2008
အထက်ပါ အကြောင်းအရာမှ အေးဂျင့်ဆိုသူ ၏ အီးမေးလိပ်စာမှာ
jssjs@singnet.com.sg ဖြစ်ပြီး..လိပ်စာမှာ....
151 Chin Swee Road #14-09 Manhattan House.
Previously from 101A Upper Cross Street #08-07 People's Park Centre
From: jssjs@singnet.com.sg
၎င်းအေးဂျင့်၏ အီးမေးဖော်ပြချက်မှာ..အောက်ပါအတိုင်းဖြစ်ကြောင်း။
To: xxxxxx@hotmail.com
Subject: RE: Application of YOUR NAME xxxx Post
Date: Mon, 3 Mar 2008 17:25:45 +0800
Hi
Thanks for your application. In this case, can we see u for an
interview onWed 5/3/08 9.30 am? Please advice.
151 Chin Swee Road #14-09 Manhattan House.
Direction:- Take MRT down to Chinatown station and exit from D. U can
go to OG taxi stand there and walk towards the direction of some HDB
at Chin Swee Road . Go straight until u can see Seng Siong ….We are
just behind Seng Siong. U can ask people around there ..:)
(If u have been here or applied with us before, please do not reapply again)
Appreciate that.
Regards
Vathi
--------------------------
(အထက်ပါ အကြောင်းအရာသည်...တန်ခူး ကရေးထားသည်ကို ကျွန်တော်မှ ဖြန့်
ဝေပေးခြင်းသက်သက်မျှသာဖြစ်သည်။)
လောက အလယ်မှာ သမာအာစီဝ ကျကျလုပ်ကိုင်နေကျတဲ့ သုတွေရှိသလို သည်လိုမသာမာမူပေါင်းများစွာ ရှိကြောင်းကို
မမ တန်ခူးကေ၇းထားတာကိုကျွှန်တော်သည်နေရာကနေ ပြန်လည်တင်ပြလိုက်ပါတယ်ခင်ဗျာ.....အလုပ်ရှာခြင်းအားသေ
ချာလုပ်ကိုင်ကြပါဗျာ နိုင်ငံခြားလူမျိုးများအား အထင်ကြီးစိတ်ဝင်မနေကြပါနဲ့ သူတို့တွေက အားနာချက်မရှိဘူး ကျွှန်တော်တို့
မြန်မာတွေရဲ့ အားနာမူကိုအခွင့်ကောင်းယူချင်နေကြတယ် နိုင်ငံခြားသားလို့တော့သိပ်အထင်မကြီးလိုက်နဲ့
ကျွှန်တော်သည်မှာ ကြုံနေ၇တာကတော့ အားနေရင်ငွေချီးဖို့ကြီးကို ချောင်းနေတဲ့ငနဲတွေ လိုက်များမတောင်းလို့ကတော့
မသိဘာသာပဲ တော်တော်ပြောယူရတယ်ဗျို့................
Thursday, 25 September 2008
သူတို့နေရာမှာ သင်သာဆိုရင် ဘယ်သူ့ကို အရင်ဆုံးဖိတ်မလဲ.....
တခါက အိမ်ရှင်မတဦးသည် အိမ်ရှေ့တွင် မုတ်ဆိတ်ဖြူနှင့် အဘိုးအိုသုံးဦး
ထိုင်နေသည်ကို တွေ့လိုက်မိသည်။ ထိုအဘိုးအိုများကို သူမသိပေ။
"အဘိုးတို့ကို ကျွန်မ မသိဘူး။ဒါပေမဲ့ အဘိုးတို့ ဆာနေလောက်မယ်ထင်တယ်။
အိမ်ထဲဝင်ပြီး တခုခု သုံးဆောင်ပါဦးလား" ဟု သူမ လောကွတ်ပြုသည်။
"အိမ်ရှင်ယောက်ျားရှိနေလား" အဘိုးအိုက မေးသည်။
"မရှိဘူး...အပြင်သွားလိုက်တယ်"
"ဒါဆို အဘိုးတို့ အိမ်ထဲကို ၀င်လို့မရသေးဘူး"
ညနေ လင်ယောက်ျား ပြန်လာသောအခါ အိမ်ရှင်မက အကြောင်းစုံကို ပြောပြလိုက်သည်။
"ကိုယ်အိမ်ရောက်နေပြီပဲ...သူတို့ကို ပြန်သွားဖိတ်လိုက်ပါဦး"
အိမ်ရှင်မက အဘိုးအို သုံးဦးအား အိမ်ထဲဝင်ခဲ့ဖို့ ဖိတ်ခေါ်ပြန်သည်။
"အဘိုးတို့ သုံးယောက်စလုံး အိမ်တအိမ်ထဲကို ပြိုင်တူဝင်လို့ မရဘူး"
"ဘာဖြစ်လို့လဲ...အဘိုး" အိမ်ရှင်မက တအံတသြနှင့် မေးသည်။
"သူ့နာမည်က ဓနဥစ္စာတဲ့" အဘိုးအိုတဦးက အခြားတဦးကို ထိုးပြပြီးပြောသည်။
ဆက်၍ "သူကတော့ အောင်မြင်ခြင်း၊ အဘိုးက ချစ်ခြင်းမေတ္တာ၊ အိမ်ထဲကို
ဘယ်သူအရင် ၀င်ရမလဲဆိုတာ တူမလေးယောက်ျားနဲ့ အရင်
သွားတိုင်ပင်ကြည့်လိုက်ဦး"
အိမ်ရှင်မမှာ အိမ်ထဲဝင်ပြီး လင်ယောက်ျားကို အကြောင်းစုံ ပြောပြပြန်သည်။
"အော်.. ဒီလိုကိုး... ဒါဆိုရင် ဓနဥစ္စာကို အရင်ဆုံးဖိတ်လိုက်ရအောင်"
"ဘာဖြစ်လို့ အောင်မြင်ခြင်းကို အရင်မဖိတ်တာလဲ" အိမ်ရှင်မက အတွန့်တက်သည်။
"ချစ်ခြင်းမေတ္တာကို အရင်ဆုံး ဖိတ်လိုက်ရင် မကောင်းဘူးလား"
ထောင့်တနေရာတွင် ထိုင်ပြီး သူတို့ပြောသော စကားကို နားထောင်နေသည့်
ချွေးမဖြစ်သူက အကြံပြုသည်။
"အင်း....ကောင်းတယ်။ ချစ်ခြင်းမေတ္တာကို အရင်ဖိတ်မယ်" ချွေးမ၏ အကြံကို
သူတို့ထောက်ခံလိုက်ကြသည်။ "ချစ်ခြင်းမေတ္တာကို အရင်ဖိတ်ပါတယ်။ အိမ်ထဲကို
ကြွပါ" အိမ်ရှင်မက ဖိတ်ခေါ်လိုက်သည်။ ချစ်ခြင်းမေတ္တာဟုသော အဘိုးအိုက
အိမ်ထဲဝင်သည်နှင့် ကျန်အဘိုးအို နှစ်ဦးက လိုက်ဝင်လာသည်။
" သုံးယောက်လုံး ပြိုင်တူဝင်လို့ မရဘူးဆို ကျွန်မက သူ့ကိုပဲ
အရင်ဖိတ်လိုက်တာ။ အဘိုးတို့က ဘာလို့ လိုက်ဝင်လာရသလဲ"
"တကယ်လို့ တူမက ဥစ္စာဓန သို့မဟုတ် အောင်မြင်မူကို အရင်ဖိတ်ရင်
ကျန်တဲ့နှစ်ဦးက လိုက်ဝင်လို့မရဘူး။ ချစ်ခြင်းမေတ္တာကို အရင်ဖိတ်မယ်ဆိုရင်
သူဘယ်ကိုသွားသွား ကျန်တဲ့နှစ်ဦးက လိုက်ကိုလိုက်ရတယ်။ ဘယ်နေရာမှာဖြစ်ဖြစ်
ချစ်ခြင်းမေတ္တာဆိုတာ ရှိရင် ဥစ္စာဓနနဲ့ အောင်မြင်မူ ဆိုတာလည်း ရှိမှာပဲ"
အဘိုးအို တဦးက ရှင်းပြသည်။
မောင်မောင်တွက် စာကလေးများရေးချင်ပေမဲ့ မရေးနိုင်ဘူးဖြစ်နေတယ် ဒါပေမဲ့ သည်စာလေးတော့ဖတ်မိလိုက်လို့
သည်စာလေးကိုဝေမျှလိုက်ပါတယ်ခင်ဗျာ.....................
Tuesday, 23 September 2008
ချစ်တဲ့……….သူငယ်ချင်းအတွက်
ဘ၀ဆိုတာ…….ပင်လယ်ကြီးဆိုရင်
သူငယ်ချင်းဆိုတာ…….စမ်းချောင်းလေးတစ်ခုပါ။
အဲ့ဒီ စမ်းချောင်းလေးထဲမှာ…..
တစ်ယောက်ရဲ့ရင်ခုန်သံကို တစ်ယောက်ကနားထောင်ခဲ့ကြတယ်။
တစ်ယောက်ရဲ့ မျက်ရည်တွေကို တစ်ယောက်က ခြောက်သွေ့စေခဲ့တယ်။
တစ်ယောက်ရဲ့ယုံကြည်ချက်တွေကို တစ်ယောက်က အားပေးခဲ့တယ်။
တစ်ယောက်ရဲ့အရာအားလုံးကို တစ်ယောက်ကမျှဝေခဲ့တယ်။
ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့
ဒို့ နှစ်ယောက်စီးမျောခဲ့တာ
စမ်းချောင်းလေးတောင် ကွေ့လို့ကောက်လို့
ငါ့အတွက်တော့ နက်ရှိုင်းတဲ့ ပင်လယ်ကြီးက စမ်းချောင်းလေးရဲ့အဝေးဆုံးမှာ
မုန်တိုင်းတွေကို ချစ်မိတဲ့ငါ……
ပင်လယ်ကြီးက သိပ်လှတာပဲလို့
ငါပြောရင် နင်ယုံမှာလား
ချစ်သူငယ်ချင်း..............
ကျွန်တော် မောင်မောင်ကချင်တစ်ယောက်အတွက်ကတော့စာရေးဖြစ်တော့ပါ့မလားမသိပါဘူးဗျာ လာလည်သူတိုင်းကို အကြိမ်
တိုင်းတောင်းပန်နေရတာ ရှတ်လာပြီ...အဟီး....ဒါပေမဲ့ဗျာနားလည်ပေးမယ်မဟုတ်လားခင်ဗျာ ဘာတွေအလုပ်ရှုတ်နေမှန်း
ကို ကိုယ့်ကိုကိုမသိဘူး ဘာမှမလုပ်ရသေးဘူးညနေကုန်လိုက် မနက်မိုးလင်းလိုက်နဲ့ ကျွန်တော်မိတ်ဆွေ သူငယ်ချင်းများအတွက်
ဝေမျှမူလေးကိုတောင်မလုပ်နိုင်သလို ကျွှန်တော်လဲဘယ်ကိုမှ မသွားနိုင်ဘူးဖြစ်နေတယ် .. စာမဖတ်ရင်တစ်ခောတ်နောက်ကျ နေ
သလိုကျွှန်တော်တော်လေးကိုနောက်ရောက်နေပြီ... ဒါပေမဲ့ကျေနပ်ပါတယ် (ဒါလေးနဲ့နစ်သိမ့်နေရတာလေ).... သည်နေ့
တော့ကဗျာလေး ကျွန်တော်သည်နေရာလေးရဲ့ ပင်တိုင်ကဗျာရေးမမ လို့ပြော၇မယ်ထင်တယ် အမရဲ့ ချစ်သူငယ်ချင်းလေး
ကိုတင်ပြလိုက်ပါတယ်ခင်ဗျာ.......နာလည်ပေးကြပါလို့အနုးညွန့်တောင်းပန်ရင်းးးးးးးးးး........


